တော်လှန်မှု
နွေလပေါက်လျှင်
ပိတောက်ရွှေဝါ၊ ဝင်းဝင်းဖြာ၍
အညှာပွင့်လှိုင်း၊ ခိုင်ချင်းဆိုင်းမျှ
မှိုင်းမှိုင်းဝေအောင် ဖူးကြ၏။ ။
မြေတလျှောက်လျှင်
နွေပျောက်မိုးစင်၊ မြရည်မင်သော်
နွေဝင်စခန်း၊ စွန့်ပစ်လှမ်း၍
မိုးပန်းမာလာ ဝင့်မြဲကို။ ။
ရွှေပိတောက်လျှင်
မကြောက်မရွံ့၊ မိုးသို့ငံ့လည်း
စွန့်စွန့်တမာန်၊ သူ့ဟန်ပန်သည်
တော်လှန်ပွင့်သည့်ပန်းမြတ်တည်း။ ။
ဂန္ထလောက၊ ၁၉၄၀။
[ချိုးဖြူစာပေမှ ၁၉၆၂ခုနှစ် နိုင်ဝင်ဘာ မှာထုတ်တဲ့ “ဒဂုန်တာရာ
- အလင်္ကာ“ စာအုပ်မှ ကူးယူဖော်ပြတယ်။]
No comments:
Post a Comment