Monday, May 5, 2014

လှဒံကြီး

၁၉၁၉ ခု မေလ၊ စနေနေ့

အိမ်ခေါင်းရင်း ဆင်ဝင်အောက်ရှိ ကွပ်ပျစ်ပေါ်၌ လယ်သမား၊ သူရင်းငှား စသော တောသား လေးငါးယောက်သည် လက်ဖက်ရည်ကြမ်းဝိုင်းတွင် ထိုင်ကာ စကားပြောနေကြ၏။ သူတို့ ထိုင်နေရာ၏ တဖက်အိမ်ဦး၌ ‘လှဒံကြီး’ ဟု အမည်တပ်ထားသော ယိုးဒယား ပန်းနွယ်ပန်းခက်နှင့် စာတန်းသည် ချိတ်ဆွဲ၍ ထား၏။ ရန်ကုန်သို့ စပါးသယ်၍ ပို့သော လှေခေတ်သည် ကုန်လွန်ပြီဖြစ်၍ လှေဦးတွင် တပ်ထားသော စာလုံးသည် အိမ်နံရံ၌သာ အလှထားရှိရတော့ပြီ။


ဒဂုန်တာရာ၏ဒဂုန်တာရာ - စာအုပ်။

No comments:

Post a Comment